စာပွင့်လွှာမှ ကြိုဆိုပါ၏။

စာပွင့်လွှာမှ ကြိုဆိုပါ၏။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါပြီ။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါပြီ။
စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၆၊ ဧပြီလ၊ ၂၀၁၃။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၅။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၅။
စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၅၊ ဖေဖော်ဝါရီလ၊ ၂၀၁၂။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၄။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၄။
စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၄၊ နိုဝင်ဘာလ၊ ၂၀၁၂။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၃။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၃။
စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၃၊ စက်တင်ဘာလ၊ ၂၀၁၂။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၂။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၂။
စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၂၊ သြဂုတ်လ၊ ၂၀၁၂။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၁။

စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၁။
စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ် ၁၊ ဇူလိုင်လ၊ ၂၀၁၂။

Sunday, 5 August 2012

နေ့သစ်ကို သွေးသစ်နဲ့ထွန်းမယ်






တစ်ယောက်ရင်တစ်ယောက်
ဖွင့်ကြည့်တဲ့ ပတ္တာသံမှာ သံယောဇဉ်တွေ
အိမ်မြှောင်တစ်ကောင်လို အမြီးပြတ်နေတာ
ပိုင်စိုးပိုင်နင်း ဆွဲခေါ်ခံနေရတဲ့ အသက်တွေမှာ
အိမ်လွမ်းစိတ်တွေ
ဒီရေလို တရိပ်ရိပ်တက်နေတာ
ငါတို့ဟာ...
မိခင်ရှိတဲ့ ပင်လယ်ဆီ ပြန်မကူးနိုင်သေးခင်
အမျှားခံနေရတဲ့ ဆယ်လမွန်ငါးတွေနဲ့လည်း
တူလှရဲ့။
ငါတို့ဟာ...
အစာအတွက် အန္တရာယ်နဲ့ယဉ်ပါးအသားကျနေတဲ့
မြို့ကျီးကန်းတွေနဲ့လည်း တူလှရဲ့။
ဒါမှမဟုတ် ငါတို့ဟာ...
လေထုထဲ၊ လူထုထဲမှာ ညှော်နံ့ထွက်နေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများ ဖြစ်နေပြီလား
တကယ်တော့ ငါတို့ဟာ...
ယန္တရားတွေကြားမှာ ကိုယ့်ကိုယ်ကို
အချောမထုတ်နိုင်တဲ့ ကုန်ကြမ်းတွေပါကွာ... ။
ပဒေသရာဇ်ခေတ် မဟုတ်တာက လွဲရင်
အိုင်တီခေတ်သစ်ရဲ့ ဘူဇွာတွေလက်ထဲက
ကိုယ့်ဘ၀ကို ကိုယ်လုပ်အားနဲ့
ပြန်ရွေးနေရသလိုမျိုး
ငါတို့ဟာ...
ကိုယ်သောက်တဲ့ ရေကို
ကိုယ့်ချွေးနဲ့ ပြန်အန်ပေးရတယ်။
ငါတို့ဟာ...
ကိုယ်စားတဲ့ ထမင်းကို
ကိုယ်နင်းတဲ့ မြေကြီးပေါ် ပြန်ခင်းပေးရတယ်။
ငါတို့ဟာ...
ကိုယ်ခင်းတဲ့ လမ်းကို
ကိုယ့်ကျောပေါ် ပြန်ထမ်းထားရတယ်။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဆရာကြည်မောင်သန်း ပြောတဲ့အတိုင်း
အာရှကျားတွေ သွားကြားမှာ ညပ်နေတဲ့
အသားဖတ်တွေပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ရေပေါ်ဆီလူတန်းစားတွေရဲ့သွားရည်စာ
(KFC)လို ကြွပ်ကြွ့ပ်အကြော်ခံနေရတဲ့ ဘ၀မှာ
(Hard Rock) ဟားရော့ ကဖေးမှာလည်း
ထိုင်ဖူးချင်မနေပါနဲ့ကွာ။
ငါတို့ကမန်းကတန်း ထိုးသိပ်နေရတဲ့
အစာအိမ်ကိုက
သူတို့စားနေကျ အီတလီ ပီဇာလောက်မှ
ထုပ်ပိုးမှု မလှပခဲ့ပဲ။
ဘာဆန်းလို့လဲကွာ
သူတို့ ကလေးတွေ
လက်ပ်တော့ တစ်ယောက်တစ်လုံးနဲ့
အလုပ်ရှုပ်နေချိန်
ငါတို့ ကလေးတွေ
စာအုပ်အဖုံးချုပ်နေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ပီထရိုနပ်စ် မျှော်စင်အောက်
ခေါင်းငုံ့လျှောက်နေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
(KLCC)ကို မော်ဖူးနေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဂျလန်းယူသန့်ပေါ် ခြေတစ်လှမ်းလှမ်းမိတိုင်း
ကြက်သီးတဖျန်းဖျန်းထခဲ့ကြပေမယ့်
အဲဒီလမ်းနာမည်ကို
လူကြားအောင်မှ ငါတို့ဘာသာမပြန်ရဲကြပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဂျိုဟိုးတစ်ဖက်ကမ်းကို ကြည့်မိတိုင်း
ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းကြီး ရာဇ၀င်ကို သိဖို့
လီကွမ်ယုသမိုင်းကို လှန်ဖတ်နေရပြီပဲ။
အခုတော့...
ပီနန်တံတားလို
အလျားရှည်နေတဲ့ ငါတို့ဒုက္ခပေါ်
နောက်ကားတွေ ကျော်တက်သွားကြတယ်။
ငါတို့...
မိဘထားခဲ့တဲ့ ကုဋေရှစ်ဆယ်နဲ့ယစ်မူးခဲ့ကြတယ်။
ငါတို့...
တလွဲမာနတွေနဲ့
ဖန်ခွက်ချင်းတိုက်ခဲ့ကြတယ်။
ငါတို့...
အမှားတွေကို အမြည်းလို
တဖဲ့ချင်းဝါးခဲ့ကြတယ်။
ငါတို့...
နားထင်ရောက်နေတဲ့ သွေးတွေနဲ့
မူးခဲ့ကြတယ်။
ငါတို့...
ပြတင်းပေါက်ကို ပိတ်ပြီး အိပ်ခဲ့ကြတယ်။
ငါတို့...
လန့်နိုးလာတဲ့အခါ
ကြမ်းပြင်ပေါ်ကျကွဲနေတဲ့ အစအနေတွေဟာ
ငါတို့
မိသားစုတွေ ဖြစ်တယ်။
ငါတို့...
မေ့နေတဲ့ ခေတ်က
ငါတို့ကို
အမေ့ခံအဖြစ် ချန်ရစ်ခဲ့တယ်။
ငါတို့...
ဒီအချိန်မှာ အချိန်ဆိုတာကို
ချိန်ခွင်နဲ့ချိန်ရလိမ့်မယ်။
ငါတို့...
ရောက်တဲ့နေရာက စမယ်။
ငါတို့...
နောက်တစ်ခါ မမှားရအောင်
အပ္ပမာဒေန တရားနဲ့
ငါတို့...
သွေးသစ်ကို သွန်းပြီး
ငါတို့...
နေ့သစ်ကို ထွန်းကြစို့ရဲ့။   ။

ဆူးရဲ

(စာပွင့်လွှာ ရသစုံမဂ္ဂဇင်း အမှတ်-၂၊ သြဂုတ်လ၊ ၂၀၁၂၊ ကဗျာရှည်။)