စာပွင့်လွှာမှ ကြိုဆိုပါ၏။
Tuesday, 26 March 2013
Thursday, 6 September 2012
ခေတ်ခက်ဆစ်
ခေတ်က လူရိုသေရှင်ရိုသေ မျက်နှာဖုံးအသစ်ကို တပ်ဆင်လိုက်တယ်
ခေတ်က ဖားတစ်ပိုင်းငါတစ်ပိုင်း ကျီးမရောက်ကြက်မမြောက် အာရုံခံစားမှုခလုတ်ကို တပ်ဆင်လိုက်တယ်
ခေတ်က ပြီးပြီးရော တစ်ခါသုံးဖော့တုံး စကားလုံးခပ်များများကို တပ်ဆင်လိုက်တယ်
ခေတ်က နည်းပညာလှိုက်စားမှု အန္တရာယ်စက်ကွင်းကို တပ်ဆင်လိုက်တယ်
ခေတ်က အချစ်မဲ့နှလုံးသားအမြုံတစ်ခုကို တပ်ဆင်လိုက်တယ်
ခေတ်က ဆူနာမီ၊ စစ်ပွဲ၊ လူကုန်ကူးမှုနဲ့ ယူရေနီယံ စာလုံးမည်းကြီးတွေကို တပ်ဆင်လိုက်တယ်
ခေတ်က ရသနည်းနည်း မီဒီယာများများ ခံစားမှုကွပ်မျက်ခြင်းကို တပ်ဆင်လိုက်တယ်
ခေတ်က ဦးနှောက်ကိုးကွယ်ရာ ဘာသာရပ်ဆော့ဝဲလ်တွေကို တပ်ဆင်လိုက်တယ်
ခေတ်က ဘယ်သူသေသေ ငတေမာပြီးရင်ရော အတ္တပုံဆောင်ခဲကို တပ်ဆင်လိုက်တယ်
ခေတ်က လုပ်ကြံဖန်တီးပြုပြင်ထားတဲ့ ကောလဟလတွေကို လက်ခံစဉ်းစား တပ်ဆင်လိုက်တယ်
ခေတ်က အိုဇုန်းလွှာကို မျက်နှာလွှဲခဲပစ်ပြီး ပလူတိုဂြိုဟ်ဖြုတ်ချရခြင်း ဖောင်ဒေးရှင်းကို တပ်ဆင်လိုက်တယ်
ခေတ်က လိင်၊ တက်ကျမ်း၊ ဘုရားသခင်နဲ့ ညစာလျှော့စားခြင်း အကျိုးကျေးဇူးတချို့ကို တပ်ဆင်လိုက်တယ်
ခေတ်က စက်ရုံဆန်ဆန်ထုတ်လုပ်ခြင်းနဲ့ စက်ရုပ်ဆန်ဆန်တွေးခေါ်ခြင်းကို တပ်ဆင်လိုက်တယ်
ခေတ်က အနုပညာကို အနုပညာမှန်းမသိအောင် အနုပညာအတုနဲ့ ဖုံးကွယ်တပ်ဆင်လိုက်တယ်
ခေတ်က ခေတ်ရှိကြောင်းထွက်ဆိုဖို့ ခေတ်ယောင်ဆောင်ထားတဲ့ ခေတ်တစ်ခေတ်ကို ငှားရမ်းတပ်ဆင်လိုက်တယ်
ဟေ့ခေတ်... လူက သယ်ဆောင်နေတာလား... လူကို သယ်ဆောင်နေတာလား... ။ ။
လင်းလက်တာရာ
(စာပွင့်လွှာ ရသစုံမဂ္ဂဇင်း၊ အမှတ်-၃၊ စက်တင်ဘာလ၊ ၂၀၁၂၊ အဖွင့်ကဗျာ)
Sunday, 5 August 2012
နေ့သစ်ကို သွေးသစ်နဲ့ထွန်းမယ်
တစ်ယောက်ရင်တစ်ယောက်
ဖွင့်ကြည့်တဲ့ ပတ္တာသံမှာ သံယောဇဉ်တွေ
အိမ်မြှောင်တစ်ကောင်လို အမြီးပြတ်နေတာ
ပိုင်စိုးပိုင်နင်း ဆွဲခေါ်ခံနေရတဲ့ အသက်တွေမှာ
အိမ်လွမ်းစိတ်တွေ
ဒီရေလို တရိပ်ရိပ်တက်နေတာ
ငါတို့ဟာ...
မိခင်ရှိတဲ့ ပင်လယ်ဆီ ပြန်မကူးနိုင်သေးခင်
အမျှားခံနေရတဲ့ ဆယ်လမွန်ငါးတွေနဲ့လည်း
တူလှရဲ့။
ငါတို့ဟာ...
အစာအတွက် အန္တရာယ်နဲ့ယဉ်ပါးအသားကျနေတဲ့
မြို့ကျီးကန်းတွေနဲ့လည်း တူလှရဲ့။
ဒါမှမဟုတ် ငါတို့ဟာ...
လေထုထဲ၊ လူထုထဲမှာ ညှော်နံ့ထွက်နေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများ ဖြစ်နေပြီလား
တကယ်တော့ ငါတို့ဟာ...
ယန္တရားတွေကြားမှာ ကိုယ့်ကိုယ်ကို
အချောမထုတ်နိုင်တဲ့ ကုန်ကြမ်းတွေပါကွာ... ။
ပဒေသရာဇ်ခေတ် မဟုတ်တာက လွဲရင်
အိုင်တီခေတ်သစ်ရဲ့ ဘူဇွာတွေလက်ထဲက
ကိုယ့်ဘ၀ကို ကိုယ်လုပ်အားနဲ့
ပြန်ရွေးနေရသလိုမျိုး
ငါတို့ဟာ...
ကိုယ်သောက်တဲ့ ရေကို
ကိုယ့်ချွေးနဲ့ ပြန်အန်ပေးရတယ်။
ငါတို့ဟာ...
ကိုယ်စားတဲ့ ထမင်းကို
ကိုယ်နင်းတဲ့ မြေကြီးပေါ် ပြန်ခင်းပေးရတယ်။
ငါတို့ဟာ...
ကိုယ်ခင်းတဲ့ လမ်းကို
ကိုယ့်ကျောပေါ် ပြန်ထမ်းထားရတယ်။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဆရာကြည်မောင်သန်း ပြောတဲ့အတိုင်း
အာရှကျားတွေ သွားကြားမှာ ညပ်နေတဲ့
အသားဖတ်တွေပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ရေပေါ်ဆီလူတန်းစားတွေရဲ့သွားရည်စာ
(KFC)လို ကြွပ်ကြွ့ပ်အကြော်ခံနေရတဲ့ ဘ၀မှာ
(Hard Rock) ဟားရော့ ကဖေးမှာလည်း
ထိုင်ဖူးချင်မနေပါနဲ့ကွာ။
ငါတို့ကမန်းကတန်း ထိုးသိပ်နေရတဲ့
အစာအိမ်ကိုက
သူတို့စားနေကျ အီတလီ ပီဇာလောက်မှ
ထုပ်ပိုးမှု မလှပခဲ့ပဲ။
ဘာဆန်းလို့လဲကွာ
သူတို့ ကလေးတွေ
လက်ပ်တော့ တစ်ယောက်တစ်လုံးနဲ့
အလုပ်ရှုပ်နေချိန်
ငါတို့ ကလေးတွေ
စာအုပ်အဖုံးချုပ်နေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ပီထရိုနပ်စ် မျှော်စင်အောက်
ခေါင်းငုံ့လျှောက်နေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
(KLCC)ကို မော်ဖူးနေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဂျလန်းယူသန့်ပေါ် ခြေတစ်လှမ်းလှမ်းမိတိုင်း
ကြက်သီးတဖျန်းဖျန်းထခဲ့ကြပေမယ့်
အဲဒီလမ်းနာမည်ကို
လူကြားအောင်မှ ငါတို့ဘာသာမပြန်ရဲကြပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဂျိုဟိုးတစ်ဖက်ကမ်းကို ကြည့်မိတိုင်း
ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းကြီး ရာဇ၀င်ကို သိဖို့
လီကွမ်ယုသမိုင်းကို လှန်ဖတ်နေရပြီပဲ။
အခုတော့...
ပီနန်တံတားလို
အလျားရှည်နေတဲ့ ငါတို့ဒုက္ခပေါ်
နောက်ကားတွေ ကျော်တက်သွားကြတယ်။
ငါတို့...
မိဘထားခဲ့တဲ့ ကုဋေရှစ်ဆယ်နဲ့ယစ်မူးခဲ့ကြတယ်။
ငါတို့...
တလွဲမာနတွေနဲ့
ဖန်ခွက်ချင်းတိုက်ခဲ့ကြတယ်။
ငါတို့...
အမှားတွေကို အမြည်းလို
တဖဲ့ချင်းဝါးခဲ့ကြတယ်။
ငါတို့...
နားထင်ရောက်နေတဲ့ သွေးတွေနဲ့
မူးခဲ့ကြတယ်။
ငါတို့...
ပြတင်းပေါက်ကို ပိတ်ပြီး အိပ်ခဲ့ကြတယ်။
ငါတို့...
လန့်နိုးလာတဲ့အခါ
ကြမ်းပြင်ပေါ်ကျကွဲနေတဲ့ အစအနေတွေဟာ
ငါတို့
မိသားစုတွေ ဖြစ်တယ်။
ငါတို့...
မေ့နေတဲ့ ခေတ်က
ငါတို့ကို
အမေ့ခံအဖြစ် ချန်ရစ်ခဲ့တယ်။
ငါတို့...
ဒီအချိန်မှာ အချိန်ဆိုတာကို
ချိန်ခွင်နဲ့ချိန်ရလိမ့်မယ်။
ငါတို့...
ရောက်တဲ့နေရာက စမယ်။
ငါတို့...
နောက်တစ်ခါ မမှားရအောင်
အပ္ပမာဒေန တရားနဲ့
ငါတို့...
သွေးသစ်ကို သွန်းပြီး
ငါတို့...
နေ့သစ်ကို ထွန်းကြစို့ရဲ့။ ။
ဖွင့်ကြည့်တဲ့ ပတ္တာသံမှာ သံယောဇဉ်တွေ
အိမ်မြှောင်တစ်ကောင်လို အမြီးပြတ်နေတာ
ပိုင်စိုးပိုင်နင်း ဆွဲခေါ်ခံနေရတဲ့ အသက်တွေမှာ
အိမ်လွမ်းစိတ်တွေ
ဒီရေလို တရိပ်ရိပ်တက်နေတာ
ငါတို့ဟာ...
မိခင်ရှိတဲ့ ပင်လယ်ဆီ ပြန်မကူးနိုင်သေးခင်
အမျှားခံနေရတဲ့ ဆယ်လမွန်ငါးတွေနဲ့လည်း
တူလှရဲ့။
ငါတို့ဟာ...
အစာအတွက် အန္တရာယ်နဲ့ယဉ်ပါးအသားကျနေတဲ့
မြို့ကျီးကန်းတွေနဲ့လည်း တူလှရဲ့။
ဒါမှမဟုတ် ငါတို့ဟာ...
လေထုထဲ၊ လူထုထဲမှာ ညှော်နံ့ထွက်နေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေများ ဖြစ်နေပြီလား
တကယ်တော့ ငါတို့ဟာ...
ယန္တရားတွေကြားမှာ ကိုယ့်ကိုယ်ကို
အချောမထုတ်နိုင်တဲ့ ကုန်ကြမ်းတွေပါကွာ... ။
ပဒေသရာဇ်ခေတ် မဟုတ်တာက လွဲရင်
အိုင်တီခေတ်သစ်ရဲ့ ဘူဇွာတွေလက်ထဲက
ကိုယ့်ဘ၀ကို ကိုယ်လုပ်အားနဲ့
ပြန်ရွေးနေရသလိုမျိုး
ငါတို့ဟာ...
ကိုယ်သောက်တဲ့ ရေကို
ကိုယ့်ချွေးနဲ့ ပြန်အန်ပေးရတယ်။
ငါတို့ဟာ...
ကိုယ်စားတဲ့ ထမင်းကို
ကိုယ်နင်းတဲ့ မြေကြီးပေါ် ပြန်ခင်းပေးရတယ်။
ငါတို့ဟာ...
ကိုယ်ခင်းတဲ့ လမ်းကို
ကိုယ့်ကျောပေါ် ပြန်ထမ်းထားရတယ်။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဆရာကြည်မောင်သန်း ပြောတဲ့အတိုင်း
အာရှကျားတွေ သွားကြားမှာ ညပ်နေတဲ့
အသားဖတ်တွေပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ရေပေါ်ဆီလူတန်းစားတွေရဲ့သွားရည်စာ
(KFC)လို ကြွပ်ကြွ့ပ်အကြော်ခံနေရတဲ့ ဘ၀မှာ
(Hard Rock) ဟားရော့ ကဖေးမှာလည်း
ထိုင်ဖူးချင်မနေပါနဲ့ကွာ။
ငါတို့ကမန်းကတန်း ထိုးသိပ်နေရတဲ့
အစာအိမ်ကိုက
သူတို့စားနေကျ အီတလီ ပီဇာလောက်မှ
ထုပ်ပိုးမှု မလှပခဲ့ပဲ။
ဘာဆန်းလို့လဲကွာ
သူတို့ ကလေးတွေ
လက်ပ်တော့ တစ်ယောက်တစ်လုံးနဲ့
အလုပ်ရှုပ်နေချိန်
ငါတို့ ကလေးတွေ
စာအုပ်အဖုံးချုပ်နေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ပီထရိုနပ်စ် မျှော်စင်အောက်
ခေါင်းငုံ့လျှောက်နေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
(KLCC)ကို မော်ဖူးနေရတာပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဂျလန်းယူသန့်ပေါ် ခြေတစ်လှမ်းလှမ်းမိတိုင်း
ကြက်သီးတဖျန်းဖျန်းထခဲ့ကြပေမယ့်
အဲဒီလမ်းနာမည်ကို
လူကြားအောင်မှ ငါတို့ဘာသာမပြန်ရဲကြပဲ။
ဘာဆန်းလို့လဲကွာ
ငါတို့ဟာ...
ဂျိုဟိုးတစ်ဖက်ကမ်းကို ကြည့်မိတိုင်း
ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းကြီး ရာဇ၀င်ကို သိဖို့
လီကွမ်ယုသမိုင်းကို လှန်ဖတ်နေရပြီပဲ။
အခုတော့...
ပီနန်တံတားလို
အလျားရှည်နေတဲ့ ငါတို့ဒုက္ခပေါ်
နောက်ကားတွေ ကျော်တက်သွားကြတယ်။
ငါတို့...
မိဘထားခဲ့တဲ့ ကုဋေရှစ်ဆယ်နဲ့ယစ်မူးခဲ့ကြတယ်။
ငါတို့...
တလွဲမာနတွေနဲ့
ဖန်ခွက်ချင်းတိုက်ခဲ့ကြတယ်။
ငါတို့...
အမှားတွေကို အမြည်းလို
တဖဲ့ချင်းဝါးခဲ့ကြတယ်။
ငါတို့...
နားထင်ရောက်နေတဲ့ သွေးတွေနဲ့
မူးခဲ့ကြတယ်။
ငါတို့...
ပြတင်းပေါက်ကို ပိတ်ပြီး အိပ်ခဲ့ကြတယ်။
ငါတို့...
လန့်နိုးလာတဲ့အခါ
ကြမ်းပြင်ပေါ်ကျကွဲနေတဲ့ အစအနေတွေဟာ
ငါတို့
မိသားစုတွေ ဖြစ်တယ်။
ငါတို့...
မေ့နေတဲ့ ခေတ်က
ငါတို့ကို
အမေ့ခံအဖြစ် ချန်ရစ်ခဲ့တယ်။
ငါတို့...
ဒီအချိန်မှာ အချိန်ဆိုတာကို
ချိန်ခွင်နဲ့ချိန်ရလိမ့်မယ်။
ငါတို့...
ရောက်တဲ့နေရာက စမယ်။
ငါတို့...
နောက်တစ်ခါ မမှားရအောင်
အပ္ပမာဒေန တရားနဲ့
ငါတို့...
သွေးသစ်ကို သွန်းပြီး
ငါတို့...
နေ့သစ်ကို ထွန်းကြစို့ရဲ့။ ။
ဆူးရဲ
(စာပွင့်လွှာ ရသစုံမဂ္ဂဇင်း အမှတ်-၂၊ သြဂုတ်လ၊ ၂၀၁၂၊ ကဗျာရှည်။)
Wednesday, 27 June 2012
စာပွင့်လွှာ ရသစုံမဂ္ဂဇင်း အမှတ် - ၁၊ ဇူလိုင်လ၊ ၂၀၁၂ စာညွှန်း
» စာတည်းလုပ်ရင် စာဖြတ်ရဲရမယ်၊ စာတည်းစာဖြတ်ညံ့ရင် တိုင်းပြည်နာတယ်...
(ရှုမ၀ဦးကျော်)
» ပန်းဝင်္ကပါအတွင်း၌ သူ့အလှ ကိုယ့်အလှ အလှချင်းပြိုင် အနိုင်လုကြသည်...
» ပန်းဝင်္ကပါအတွင်း၌ သူ့အလှ ကိုယ့်အလှ အလှချင်းပြိုင် အနိုင်လုကြသည်...
(ဗိုလ်ကလေးတင့်အောင်)
» ဦးနှောက်၏ အလုပ်မှာ အလွန်ဆန်းကြယ်ပါသည်။ လူကို အန္တရာယ်မဖြစ်စေရန်...
» ဦးနှောက်၏ အလုပ်မှာ အလွန်ဆန်းကြယ်ပါသည်။ လူကို အန္တရာယ်မဖြစ်စေရန်...
(ဒေါက်တာအုန်းမောင်)
» ဒီအိတ်ထဲသို့ထည့်ပေးကာ လက်ကမြင်းကြခြင်းဖြင့် ညားသွားသူတွေ ဒုနဲ့ဒေး...
» ဒီအိတ်ထဲသို့ထည့်ပေးကာ လက်ကမြင်းကြခြင်းဖြင့် ညားသွားသူတွေ ဒုနဲ့ဒေး...
(မြသန်းတင့်)
» သူများ၏ ဥပဒေအောက်သို့ တရားမ၀င်ခိုးဝှက်ရောက်ရှိနေရခြင်းသည်
» သူများ၏ ဥပဒေအောက်သို့ တရားမ၀င်ခိုးဝှက်ရောက်ရှိနေရခြင်းသည်
မည်မျှအန္တရာယ်ကြီးကြောင်း...
(မစန္ဒာ)
» ကျွန်တော်၏ လက်သီးပြင်းများက တရစပ်ကျရောက်လာတော့မည်ဖြစ်ကြောင်းကို...
» ကျွန်တော်၏ လက်သီးပြင်းများက တရစပ်ကျရောက်လာတော့မည်ဖြစ်ကြောင်းကို...
(ချစ်ဦးညို)
» ဒီဇင်ဘာ (၂၁)ရက်ကို ကမ္ဘာပျက်မယ့်နေ့ဆိုပြီး ပြဿနာစတော့တာပဲ...
» ဒီဇင်ဘာ (၂၁)ရက်ကို ကမ္ဘာပျက်မယ့်နေ့ဆိုပြီး ပြဿနာစတော့တာပဲ...
ဒီအသံတွေ ကျယ်လောင်လာတဲ့အတွက် ကမ္ဘာပျက်လိမ့်မယ်လို့...
(မောင်ထွန်းလွင် - မိုးလေ၀ဿ)
» တတန်းတသီကတည်းကသာ အဆင့်ဆင့်ဆူးတွေယှက်မှတော့
» တတန်းတသီကတည်းကသာ အဆင့်ဆင့်ဆူးတွေယှက်မှတော့
မောင်ရေ... သည်းအက်ကြေကွဲ
(မြနှောင်းညို)
» စံပြုဂန္ထ၀င် ဂီတပညာရှင်ရဲ့သီဆိုဟန်က မျက်ရည်စနဲ့သက်သေပြသလိုပါပဲ...
» စံပြုဂန္ထ၀င် ဂီတပညာရှင်ရဲ့သီဆိုဟန်က မျက်ရည်စနဲ့သက်သေပြသလိုပါပဲ...
(သန်းမြတ်စိုး)
» မမမုန်းကို မြင်စကပင် စိတ်ဝင်စားရသည်။ သည်လိုဆိုတော့ ပိုတယ်လို့
မမမုန်း ထင်ဦးမည်။
» မမမုန်းကို မြင်စကပင် စိတ်ဝင်စားရသည်။ သည်လိုဆိုတော့ ပိုတယ်လို့
မမမုန်း ထင်ဦးမည်။
မယုံလည်းနေလေ....
(မောင်စိန်ဝင်း - ပုတီးကုန်း)
» ဘူးပိတ်လည်း အကွဲခံခဲ့ရသေးတယ်၊ နောက်ပြီး စိန်လေးမကြားတကြားပြောလိုက်တဲ့...
“အသက်ကြီးလေ လောဘကြီးလေဆိုတဲ့ ဟာမျိုးကြီး...”
(မောင်စိန်ဝင်း - ပုတီးကုန်း)
» ဘူးပိတ်လည်း အကွဲခံခဲ့ရသေးတယ်၊ နောက်ပြီး စိန်လေးမကြားတကြားပြောလိုက်တဲ့...
“အသက်ကြီးလေ လောဘကြီးလေဆိုတဲ့ ဟာမျိုးကြီး...”
(နုနုရည် - အင်းဝ)
» အို... ဘယ့်နှယ်ပါလိမ့်... သူလည်းမဆိုဘဲ သူ့ကိုကား လက်ခုပ်တီးပေးနေရတဲ့ဘ၀...
» အို... ဘယ့်နှယ်ပါလိမ့်... သူလည်းမဆိုဘဲ သူ့ကိုကား လက်ခုပ်တီးပေးနေရတဲ့ဘ၀...
(ဂျက်-ကွမ်းခြံကုန်း)
» လူငယ်တွေညံ့ရင် ငါတို့ရဲ့အနာဂတ်လည်း ညံ့ပြီပေါ့ကွာ...
» လူငယ်တွေညံ့ရင် ငါတို့ရဲ့အနာဂတ်လည်း ညံ့ပြီပေါ့ကွာ...
(ဦးဘုန်း - ဓာတု)
» ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား... ဗေဒင်ကိုကော ယုံသင့်လားလို့မေးလိုက်ချင်...
(သုတေသီမြင့်ဝေ - မြန်မာ့အသံ)
» ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား... ဗေဒင်ကိုကော ယုံသင့်လားလို့မေးလိုက်ချင်...
(သုတေသီမြင့်ဝေ - မြန်မာ့အသံ)
စာပွင့်လွှာမဂ္ဂဇင်း
Subscribe to:
Posts (Atom)